ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ
ကျွမ်းကျင်ဗီဇာ
(Tokutei Ginou)
သတ်မှတ်ထားသော ဘာသာစကား (JLPT / JFT) နှင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုစာမေးပွဲ အောင်မြင်ပြီးသူများအတွက် ဂျပန်နိုင်ငံရှိ ကုမ္ပဏီများနှင့် တိုက်ရိုက်ချိတ်ဆက်၍ ရေရှည်အလုပ်အကိုင်ရရှိနိုင်ရန် ပံ့ပိုးပေးပါသည်။
ဝန်ဆောင်ခနှုန်းထား – ဒေါ်လာ ၁၅၀၀
**မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ လမ်းညွှန်သတ်မှတ်ချက်နှင့်အညီ တိကျပြည့်စုံစွာ ဝန်ဆောင်မှုပေးပါသည်။**
အလုပ်သင်ဗီဇာ
ဂျပန်နိုင်ငံတွင် လက်တွေ့ လုပ်ငန်းခွင် နည်းပညာများ ဆည်းပူး သင်ယူနိုင်ရန်အတွက် Recruitment လုပ်ငန်းစဉ်၊ စာရွက်စာတမ်း စီမံဆောင်ရွက်မှုနှင့် ဗီဇာလျှောက်ထားမှုများကို ပြည့်စုံစွာ ဝန်ဆောင်မှုပေးပါသည်။
ဝန်ဆောင်ခနှုန်းထား – ဒေါ်လာ ၂၈၀၀
** မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ လမ်းညွှန်သတ်မှတ်ချက်နှင့်အညီ တိကျပြည့်စုံစွာ ဝန်ဆောင်မှုပေးပါသည်။ **
ကျွမ်းကျင်မှုလေ့ကျင့်ရေးနှင့် အလုပ်အကိုင်စနစ်သစ်
(Ikusei Shuro)
ဂျပန်နိုင်ငံ၏ အသစ်ပြဋ္ဌာန်းမည့် စနစ်သစ်နှင့်အညီ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ပေးပါသည်။
ဝန်ဆောင်ခနှုန်းထား
မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ လမ်းညွှန်သတ်မှတ်ချက်အတိုင်း ကာယကံရှင်၏ အလုပ်ခန့်အပ်ထားသည့် လစာ(၂)လစာနှင့် ညီမျှသော ပမာဏကို ဝန်ဆောင်ခအဖြစ် သတ်မှတ်ဆောင်ရွက်ပေးပါသည်။
ခြေလှမ်းတိုင်းအတွက် ခိုင်မာသော ပံ့ပိုးမှု
- အလုပ်ရှာဖွေသူများအား အလုပ်အကိုင် စိစစ်ရွေးချယ်ချိတ်ဆက်ပေးခြင်း
- အင်တာဗျူး စီစဉ်ညှိနှိုင်းခြင်းနှင့် အလေ့အကျင့်ပေးခြင်း
- ဗီဇာနှင့် ထွက်ခွာရေးဆိုင်ရာ စာရွက်စာတမ်း ပြင်ဆင်ပေးခြင်း
- ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်း