ကျွန်ုပ်တို့အကြောင်း
ကျွန်ုပ်တို့အကြောင်း
ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်ရန် ခိုင်မာစိတ်ချရသော ပေါင်းကူးတံတားတစ်စင်း
Asia Yoma Co., Ltd. သည် မြန်မာနိုင်ငံမှ အရည်အချင်းရှိ လူငယ်များနှင့် ဂျပန်နိုင်ငံရှိ လုပ်ငန်းရှင်များအကြား စနစ်တကျ ယုံကြည်စိတ်ချရသော အလုပ်အကိုင် ချိတ်ဆက်မှုများ ဖန်တီးပေးရန် တည်ထောင်ထားသည့် တရားဝင်လိုင်စင်ရ ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခု ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရရှိလိုသော မြန်မာလူငယ်များအတွက် လိုအပ်သည့် ဂျပန်စာဘာသာစကား၊ လုပ်ငန်းခွင်ဆိုင်ရာ အခြေခံကျွမ်းကျင်မှုများနှင့် ဂျပန်ယဉ်ကျေးမှုများကို စနစ်တကျ သင်ကြားလေ့ကျင့်ပေးပြီး၊ မိမိတို့၏ အရည်အချင်းနှင့် ကိုက်ညီသော သင့်လျော်သည့် အလုပ်အကိုင်များနှင့် ချိတ်ဆက်ပေးလျက် ရှိပါသည်။
ဂျပန်နိုင်ငံရှိ အလုပ်ရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လုပ်ငန်းခွင်လိုအပ်ချက်နှင့် ကိုက်ညီသော လူ့စွမ်းအားအရင်းအမြစ်များ စိစစ်ရွေးချယ်ခြင်း၊ အင်တာဗျူးလုပ်ငန်းစဉ်များ စီစဉ်ပေးခြင်း၊ဗီဇာလျှောက်ထားခြင်းနှင့် ထွက်ခွာခွင့်ဆိုင်ရာ စာရွက်စာတမ်းကိစ္စရပ်များကို ဥပဒေနှင့်အညီ တိကျစွာ ဝန်ဆောင်မှုပေးပါသည်။
အထူးသဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး (Caregiver)၊ စားသောက်ကုန်ထုတ်လုပ်ရေး (Food Manufacturing)၊ စားသောက်ဆိုင်နှင့် ဝန်ဆောင်မှု (Food Service) နှင့် ဆောက်လုပ်ရေး (Construction) စသည့် အဓိကကဏ္ဍကြီးများတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိပါသည်။
ကျွန်ုပ်တို့၏ မျှော်မှန်းချက်
ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်ရန်နှင့် ရေရှည်တည်တံ့သော အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ပံ့ပိုးပေးနိုင်ရန်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်
အတူတကွလေ့လာသင်ယူ၊ မျှဝေရင်း တိုးတက်အောင်မြင်မှုဆီသို့ အတူတကွ လျှောက်လှမ်းရန်။
ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များ
အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက်စလုံး၏ မျှော်မှန်းချက်ထက် သာလွန်ကောင်းမွန်သော အရည်အသွေးမြင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ပေးအပ်ရန်။
ကျွန်ုပ်တို့၏ မူဝါဒ
Customer Benifits Oriented.
သင်၊သင့်မိသားစုနှင့် သင်၏လုပ်ငန်းခွင်ပတ်ဝန်းကျင်အားလုံးသည် ကျွန်ုပ်တို့တန်ဖိုးထားရသောသူများဖြစ်သည်။