ဂျပန်နိုင်ငံ အလုပ်အကိုင်အခွင့်အလမ်းများနှင့်အတူ သင့်အနာဂတ်ကို
ယုံကြည်စိတ်ချစွာ စတင်တည်ဆောက်လိုက်ပါ။
မိတ်ဆက်ကဏ္ဍ
ကုမ္ပဏီ မိတ်ဆက်ခြင်း
Asia Yoma Co., Ltd. သည် မြန်မာနိုင်ငံမှ အရည်အချင်းရှိ လူငယ်များနှင့် ဂျပန်နိုင်ငံရှိ လုပ်ငန်းရှင်များအကြား စနစ်တကျ ယုံကြည်စိတ်ချရသော အလုပ်အကိုင် ချိတ်ဆက်မှုများဖန်တီးပေးရန် တည်ထောင်ထားသည့် တရားဝင်လိုင်စင်ရ ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ဂျပန်နိုင်ငံတွင် အလုပ်အကိုင်ရရှိလိုသော မြန်မာလူငယ်များအတွက် လိုအပ်သည့် ဂျပန်စာဘာသာစကား၊ လုပ်ငန်းခွင်ဆိုင်ရာ အခြေခံကျွမ်းကျင်မှုများနှင့် ဂျပန်ယဉ်ကျေးမှုများကို စနစ်တကျ သင်ကြားလေ့ကျင့်ပေးပြီး၊ မိမိတို့၏ အရည်အချင်းနှင့် ကိုက်ညီသော သင့်လျော်သည့် အလုပ်အကိုင်များနှင့် ချိတ်ဆက်ပေးလျက် ရှိပါသည်။
ဝန်ဆောင်မှုကဏ္ဍ
မိတ်ဆွေတို့အတွက် ဝန်ဆောင်မှုများ
ကျွမ်းကျင်ဗီဇာ
(Tokutei Ginou)
သတ်မှတ်ထားသော ဘာသာစကား (JLPT / JFT) နှင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုစာမေးပွဲ အောင်မြင်ပြီးသူများအတွက် ဂျပန်နိုင်ငံရှိ ကုမ္ပဏီများနှင့် တိုက်ရိုက်ချိတ်ဆက်၍ ရေရှည်အလုပ်အကိုင်ရရှိနိုင်ရန် ပံ့ပိုးပေးပါသည်။
အလုပ်သင်ဗီဇာ
ဂျပန်နိုင်ငံတွင် လက်တွေ့ လုပ်ငန်းခွင် နည်းပညာများ ဆည်းပူး သင်ယူနိုင်ရန်အတွက် Recruitment လုပ်ငန်းစဉ်၊ စာရွက်စာတမ်း စီမံဆောင်ရွက်မှုနှင့် ဗီဇာလျှောက်ထားမှုများကို ပြည့်စုံစွာ ဝန်ဆောင်မှုပေးပါသည်။
ကျွမ်းကျင်မှုလေ့ကျင့်ရေးနှင့် အလုပ်အကိုင်စနစ်သစ်
(Ikusei Shuro)
ဂျပန်နိုင်ငံ၏ အသစ်ပြဋ္ဌာန်းမည့် စနစ်သစ်နှင့်အညီ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ပေးပါသည်။
လေ့ကျင့်ပြင်ဆင်မှုကဏ္ဍ
မိတ်ဆွေတို့၏ ကျွမ်းကျင်မှုနှင့် စွမ်းရည် မြှင့်တင်ရေး
ဂျပန်နိုင်ငံ လုပ်ငန်းခွင်အကြို ပြင်ဆင်မှု
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သော ဂျပန်ဘာသာစကားပြောဆိုင်ရာ ပြင်ဆင်မှုနှင့် လက်တွေ့စကားပြောလေ့ကျင့်မှုများ။
အင်တာဗျူးအတွက် လေ့ကျင့်သင်ကြားမှု
ဂျပန်အလုပ်ရှင်များနှင့် အင်တာဗျူး ဖြေဆိုရာတွင် အောင်မြင်မှုရရှိစေမည့် မိတ်ဆက်ခြင်း၊ အမူအရာနှင့် အင်တာဗျူးဖြေဆိုနည်း နည်းစနစ်များ။
လုပ်ငန်းခွင် လက်တွေ့ကျွမ်းကျင်မှု သင်တန်း
စားသောက်ဆိုင်ဝန်ဆောင်မှု၊ စားသောက်ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ငြမ်းဆင်နှင့် ဝရိန်ဆော်လုပ်ငန်းခွင် လက်တွေ့လေ့ကျင့်ခြင်းများ။